Ransomware
.
Ransomware ဆိုတာကတော့ အနုကြမ်းစီးသည့် Malware တစ်မျိုးဖြစ်သည်။ Ransomware သည် စံနစ်တစ်ခုလုံးကို ပိတ်ပစ်နိုင်ပါသည်။ Ransomware သည် ကွန်ပြူတာအတွင်းသို့ ၀င်ရောက်သွားပါက ကွန်ပြူတာစံနစ်ကို တားဆီးလိုက်ပါတယ်။
ထို့နောက် ကြော်ငြာစာတမ်းတစ်ခုတက်လာပြီး တားဆီးထားသော အတားအဆီးကို ဖယ်ရှားချင်ပါက ငွေကြေးပမာဏ တစ်ခုပေးသွင်းပါဟူသော စာတမ်းရေးသားထားသော ကြော်ငြာတစ်ခုကို မြင်တွေ့ရမည် ဖြစ်သည်။ ဥပမာ - “သင်သည် Window Licence Version အသုံးမပြုသည့်အတွက် Copyright ဥပဒေနှင့် ငြိစွန်းပါသည်။ ထို့ကြောင့် ကျွှန်တော်တို့ ဥပဒေထိန်းသိမ်းရေးအဖွဲ့မှ သင်၏ ကွန်ပြူတာစံနစ်ကို တားဆီးထားခြင်း ဖြစ်သည်။ ထိုအတားအဆီးကို ဖယ်ရှားချင်ပါက ဖော်ပြပါ အကောင့်နံပါတ်သို့ ငွေပေးချေပါ” စသည်ဖြင့် ယုံကြည်နိုင်လောက်အောင် လိမ်လည် လှည့်ဖြားထားသော စာများကို မြင်တွေ့ရမည်ဖြစ်ပြီး အတင်းအကျပ် ငွေပေးချေခိုင်းမည် ဖြစ်သည်။ ငွေမပေးချေပါက စံနစ်ကို ပိတ်ပင်ထားသော အတားအဆီးကို ဖယ်ရှားပေးမည်မဟုတ်ပေ။ ကာကွယ်နည်းကတော့ Ransomware ၀င်ရောက်သွားပါက စံနစ်တစ်ခုလုံးကို အစမှအဆုံး ပြန်လည် Installation လုပ်ရမည် ဖြစ်သည်။
.
.
Rootkit
.
Rootkit သည်လည်း Malware တစ်မျိုးဖြစ်သည်။ Rootkit သည် စံနစ်တစ်ခုအတွင်းသို့ အသုံးပြုသူ သို့မဟုတ် စံနစ်ထိန်းချူပ်သူ မသိစေဘဲ တိုက်ခိုက်သူများမှ အဝေးမှနေပြီး ၀င်ရောက် ထိန်းချူပ်နိုင်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ Rootkit Installation လုပ်မိသွားပါက တိုက်ခိုက်သူများသည် စံနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး အချက်အလက်များကို ရယူခြင်း ၊ စံနစ်များကို ပြုပြင်သွားနိုင်ခြင်း ၊ စံနစ်အား Botnet အဖြစ်သို့ အသွင်ပြောင်းစေနိုင်ခြင်း စသည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ပါသည်။ Rootkits များကို Installation လုပ်မိသွားပါက ရှာဖွေရန် ဖယ်ရှားရန် ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော် Rootkit များသည် ကိုယ်တိုင် ဖုံးကွယ်နိုင်ပြီး တကယ့် အစစ်အမှန် Software တစ်ခုအဖြစ် ဟန်ဆောင်နိုင်ပါသည်။ Rootkits များကို ဖယ်ရှားမည်ဆိုပါက စံနစ်အား အချိန်ယူပြီး တစ်ခုခြင်းစီ ရှာဖွေရမည် ဖြစ်သည်။ Rootkits များကို ကာကွယ်ရန်အတွက် အသုံးပြုသည့် စံနစ်အား အမြဲတမ်း အဆင့်မြှင့်ထားရမည် ဖြစ်သည်။
.
.
Spyware
.
Spyware ဆိုသည်မှာ နောက်ယောင်ခံလိုက်နိုင်သော Malware တစ်ခုဖြစ်သည်။ တဖက်လူသည် မည်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်နေသည်ကို စောင့်ကြည့်နိုင်ပါသည်။ ဖုန်း Spyware ပေါင်း မြောက်များစွာရှိပါသည်။ Spyware တစ်ခုသည် စံနစ်တစ်ခုအတွင်းသို့ ၀င်ရောက်သွားပါ တဖက်မှ ထိန်းချူပ်သူသည် ထိုစံနစ်၏ သွားလာ လှူပ်ရှားမှူ့များကို စောင့်ကြည့်နိုင်ပါသည်။ Sypware သည် ၀င်ရောက်နေသော စံနစ်၏ လှူပ်ရှားမှူ့မှန်သမျှကို ထိန်းချူပ်သူထံသို့ ပေးပို့နေမည် ဖြစ်သည်။ Spyware သည် System အား မည်သည့် ထိခိုက်မှူ့မျှ မဖြစ်စေဘဲ Victim သားကောင်၏ လှူပ်ရှားမှူ့ မှန်သမျှကိုသာ စောင့်ကြည့်နေမည်ဖြစ်သည်။ ထင်ရှားသော ဥပမာမှာ လွန်ခဲ့သော နှစ်အနည်းငယ်က အမေရိကန် ထိပ်တန်း သူလျှိုအဖွဲ့မှ ဂျာမနီနိုင်ငံ ၀န်ကြီးချူပ်၏ ကွန်ပြူတာအတွင်းသို့ Spyware ထည့်သွင်းခဲ့ပါသည်။ ကမ္ဘာ့ထိပ်တန်း နိုင်ငံများအချင်းချင်းပင် မယုံကြည်သည့် စိတ်ဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်မှာ Cyber Warfare ၏ အကျိုးဆက်များပင် ဖြစ်သည်။
စီစဉ်တင်ဆက်သူ
➳ ကိုရီချင်

No comments:
Post a Comment