Wednesday, March 23, 2016

ကွန်ပြူတာအတွင်း Malware များ ၀င်ရောက်ခြင်း ရှိ မရှိ စစ်ဆေးခြင်း (အပိုင်း - ၁) .


Malwares ၏ အရှည်အမည်မှာ Malicious Software ဖြစ်ပါသည်။ ကွန်ပြူတာ စံနစ်များကို ကောင်းစွာ ဒုက္ခပေးနိုင်သော Programs တစ်ခုဖြစ်သည်။ Malwares များသည် အချက်အလက်များကို ခိုးယူခြင်း ၊ ကွန်ပြူတာစံနစ်များကို ဖျက်ဆီးခြင်း ၊ အချို့သော Software များကို အတင်းအကြပ် Download ပြုလုပ်စေခြင်း ၊ ကွန်ပြူတာအား အသုံးပြုလို့မရအောင် နှောင့်ယှက်ခြင်း ၊ အတင်းအကြပ် ငွေပေးချေခိုင်းခြင်း စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်ပါသည်။
Malware ဟု ယေဘုယျအမည် မှည့်ခေါ်ထားသော်လည်း ကွဲပြားခြားနားသော Malware များ ရှိပါသည်။ Malware မျိုးကွဲများမှာ Adware , Ransomware , Bots , Rootkits , Spyware , Trojan Horses or Trojan , Virus , Worms စသည်တို့ဖြစ်သည်။
.
.
Adware 
.
Adware ၏ အမည်အရှည်မှာ Advertising Supported Software ဖြစ်သည်။ ကြော်ငြာလုပ်ငန်းများကို အထောက်အကူပြုပေးသော Malware တစ်ခုဖြစ်သည်။ Adware သည် ကြော်ငြာများကို အလိုအလျှောက် ဖော်ပြနေမည်ဖြစ်သည်။ မည်သည့် Website ကိုဘဲဝင်ဝင် ကြော်ငြာများ ဖော်ပြနေမည် ဖြစ်သည်။ Websites ကို ၀င်လိုက်သည်နှင့် ကြော်ငြာများ Pop-up ဖြင့် ပေါ်လာသည်ကို စာချစ်သူတို့ ကြုံဖူးကြမည် ထင်ပါသည်။ Adware များသည် ကြော်ငြာလုပ်ငန်းရှင်များမှ Programmer များနှင့် ပူးပေါင်းကာ ထည့်သွင်းထားခြင်း ဖြစ်သည်။ အချို့သော Adware များသည် အင်တာနက်အပေါ်တွင် လှူပ်ရှားမှူ့များကို ထောက်လှမ်းနိုင်ပါသည်။ ၀င်ရောက်သည့် နည်းလမ်းမှာ များသောအားဖြင့် အင်တာနက်ပေါ်တွင် တွေ့သမျှ Software များကို Installation လုပ်မိခြင်းကြောင့်ဖြစ်သည်။ Adware များကို ဖယ်ရှားချင်ပါက Browser ကို ရှင်းလင်းရမည် ဖြစ်သည်။ Browser ကို ရှင်းလင်းပြီးသည့်တိုင် ကြော်ငြာများ ဆက်လက်တက်နေပါက Browser တစ်ခုလုံးကို ဖြုတ်ပစ်ပြီး အသစ်ပြန်လည် Installation ပြုလုပ်ရမည် ဖြစ်သည်။
.
.
Bot
.
Bot ဆိုသည်မှာ အမိန့်ပေး စေခိုင်းနိုင်သည့် Malware အမျိုးအစားဖြစ်သည်။ Bots များသည် Web Server များကို ပျက်စီးသွားအောင် တိုက်ခိုက်နိုင်စွမ်းရှိကြပါသည်။ Bots များ အသက်ဝင် လှူပ်ရှားရန်အတွက် ထိန်းချူပ်သူမှ အမိန့်ပေး စေခိုင်းရမည် ဖြစ်သည်။ အဓိကအားဖြင့် DDoS Attacks များတွင် Bots များ အသုံးပြုပြီး တိုက်ခိုက်တတ်ကြပါသည်။ Bots များတိုက်ခိုက်ခြင်းကို ကာကွယ်ရန်အတွက် CloudFlare ကဲ့သို့သော ကောင်းမွန်သော Service များကို အသုံးပြုရမည်ဖြစ်သည်။ ထို့အပြင် Load Balancer များကိုလည်း အသုံးပြုရမည် ဖြစ်သည်။
.
.
22-3-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်

No comments:

Post a Comment