Saturday, April 23, 2016

Photo ဖိုင်တစ်ခုရဲ့ နောက်ကွယ်မှာ လျှိုဝှက် ဖိုင်ထည့်သွင်းနည်း

 ဒီနည်းလေးက ကျွန်တော် ကွန်ပြူတာဆိုင်ရာ မေးမြန်းနိုင်သော ဂရုမှာ ပထမဆုံးတင်ခဲ့တဲ့ Post လေးပါ။ မသိသေးသူများအတွက်ပြန်ပြီးတော့ တင်ပေးတာပါ။ သိပြီးသားဆရာများကတော့ ကျော်သွားကြပေါ့နော်... ကျွန်တော်တို့ ပုံမှန် Photo ပုံတစ်ပုံရဲ့နောက်မှာ သူများမသိအောင် လျှို့ဝှက်ပြီးတော့ ဖိုင်တွေ သိမ်းထားလို့ရပါတယ်။

ပြုလုပ်နည်းကိုတော့အောက်မှာ အဆင့်ခွဲပြီး လုပ်ပြထားပါတယ်။ ပြုလုပ်ဖို့လိုအပ်တဲ့ Software ကတော့ WinRAR Archiver ဖြစ်ပါတယ်။ WinRAR မရှိရင်လဲ အခြား Archiver တွေနဲ့လဲရပါတယ်။

၁။ ပြုလုပ်မည့် ဖိုင်တွေကို Space ခြားပဲ နံမည်တွေပေးထားပါ။( နားလည်သူတွေအနေနဲ့ Space ခြားလဲ ပြဿနာမရှိပေမယ့် နားမလည်သေးသူများကတော့ Space မခြားပါနဲ့၊ နမူနာအနေနဲ့ Soda.jpg နဲ့ Secret.txt တို့ကိုလုပ်ပြပါမယ်)

၂။ ထည့်မည့် Secret.txt ဆိုတဲ့ ဖိုင်ပေါ်မှာ Right Click နှိပ်ပြီး Add to  “Secret.rar” ဆိုတာကိုနှိပ်လိုက်ပါ။ ဒီအဆင့်က WinRAR ထည့်ထား လို့ဒီလို Add to “Secret.rar” လို့ပေါ်တာပါ။ ထည့်မထားရင်တော့ ပေါ်မှာမဟုတ်ပါဘူး။

၃။ ဒါဆိုရင် Secret.rar ဆိုတဲ့ RAR ဖိုင်လေးတစ်ခုရလာပါလိမ့်မယ်။

၎။ ပြီးရင်တော့ လွတ်တဲ့ နေရာ တစ်ခုခုမှာ Keyboard က Shift ကိုနှိပ်ထားပြီး Ritht Click နှိပ်လိုက်ပါ။ ဒါဆို Context Menu ပေါ်လာပါလိမ့်မယ်။

၅။ ပေါ်လာတဲ့ Context Menu ထဲမှ Open command wndows here ကို နှိပ်လိုက်ပါ။ ဒါဆိုရင် နောက်ခံ အနက်ရောင်နဲ့ Command Prompt ပေါ်လာပါလိမ့်မယ်။

၆။  အဲဒီ Command Prompt ထဲမှာ Copy /b Soda.jpg + Secret.rar Soda2.jpg လိုရိုက်ပြီး Enter ကိုနှိပ်လိုက်ပါ။ command တွေမှာက Space လေးတွေ ခြားတာသတိပြုပါ။  Space ခြားတာကို ကျွန်တော်က [] နဲ့ ပြပါမယ်။ ဒီတော့ ရိုက်ရမည့် command က    

Copy[]/b[]Soda.jpg[]+[]Soda2.jpg

 ဖြစ်ပါတယ်။

၇။ ဒါဆိုရင်တော့ command prompt မှာ 1 file(s) copied.လို့ပြမှာဖြစ်သလို့ Soda2.jpg ဆိုတဲ့ Files လေးတစ်ခုလဲ တိုးလာမှာဖြစ်ပါတယ်။  အဲဒီ Soda2.jpg ဖိုင်လေးမှာ မိမိ ဖွက်ထားတဲ့ Secret.txt လေးပါဝင်ပါတယ်။ ပုံကို ဒီအတိုင်း နှစ်ချက် နှိပ်ပြီးဖွင့်ကြည့်ရင် ပုံကိုပဲ မြင်ရမှာ ဖြစ်ပြီး နောက်မှာ ဖွက်ထားတဲ့ Secret.txt ဆိုတဲ့ ဖိုင်ကိုတော့တွေ့ရမှာမဟုတ်တော့ပါဘူး။

၈။ ဟုတ်ပြီ အဲဒီ Secret.txt ဆိုတဲ့ ဖိုင်လေးကို ပြန်ယူချင်ရင် သို့မဟုတ် ဖွင့်ကြည့်ချင်ရင်တော့ ပထမဆုံး WinRAR ကိုဖွင့်ပါ။ ပြီးရင်တော့ အဲဒီ Soda2.jpg ဆိုတဲ့ ပုံလေးကို WinRAR ဆိုတဲ့ ထဲကို ဆွဲချလိုက်ပါ။

၉။ ဒါဆိုရင် တော့ Secret.txt ဆိုတဲ့ဖိုင်လေးကို တွေ့ရမှာဖြစ်ပါတယ်၊ ပြန်လည်ထုတ်ယူချင်ရင် Secret.txt ဖိုင်လေးကို Desktop ပေါ်ကိုဖြစ်ဖြစ် ပြန်ဆွဲချပြီး ထုတ်ယူလို့ရပါတယ်။

ကဲ ဒါဆို မိမိတို့လျှို့ဝှက်ထားချင်တဲ့ ဖိုင်လေးတွေ ကို ပြုလုပ်တတ်လိမ့်မယ်လို့ ယုံကြည့်ပါတယ်။ ဒါက ပုံတစ်ခုရဲ့နောက်မှာ ဖိုင်ထည့်တာပဲ ဖြစ်ပါ သေးတယ်။ နောက်ပိုင်းမှာတော့ ပုံတစ်ပုံကို ဖွင့်ကြည့်လိုက်တာနဲ့ ဘယ် Program ထ Run အောင် လုပ်တဲ့ နည်းကို အဆင်သင့်ရင် ပြောပြပေးပါဦးမယ် ( Trojan တို့ RAT တို့ သုံးတဲ့ နည်းလမ်းလေးပါ။) အားလုံးပဲ နည်းပညာ ဗဟုသုတ ပေါကြွယ်ကြပါစေဗျာ။


      credit⌐╦╦═─အိုင်တီရမ်းကု

No comments:

Post a Comment