စာတွေချည်းဖတ်ရတာ...ငြီးငွေ့နေမှာစိုးလို့....
ဒီတစ်ခါတော့...ပေါ့ပေါ့ပါးပါးပေါ့ဗျာ....
.
ကျွှန်တော်သိခဲ့သော မြန်မာနိုင်ငံ Hacking သမိုင်းကြောင်း အစ
.
ဟိုးအရင် 2003 ခုနှစ် လောက်တုန်းက Hacking ဆိုတာ ဘယ်သူမှတောင် မသိသေးခင် မည်သည့် Hacking Groups များ မပေါ်သေးခင် Hacking လုပ်ငန်းများကို ကျွှမ်းကျင်စွာ လုပ်ကိုင်နေတဲ့ အဖွဲ့ တစ်ဖွဲ့ ရှိခဲ့ပါတယ်။
တက်ကြွသောလူငယ်များ စုပေါင်းထားသော အဖွဲ့ပါ။ အဲ့ဒီအဖွဲ့အမည်ကို OGC (Olivegreen Complex) လို့ မှည့်ခေါ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ခေတ်အခါနှင့် ပြောရမယ်ဆို Google Talk တောင် မြန်မာနိုင်ငံမှာ မှုန်ဝါးဝါးလောက်သာ သိသေးတဲ့ခေတ်ပါ။ အင်တာနက်ဆိုတာ ကြားတောင်မကြားဘူးသေးတဲ့ခေတ်မှာ သူတို့က ဟက်ကင်းလုပ်ငန်းတွေကို ကျွှမ်းကျင်စွာ လုပ်ကိုင်နေကြပါပြီ။ Websites ဆိုတာကလည်း မြန်မာနိုင်ငံမှာ သိပ်မရှိသေးပါဘူး။ ကျွှန်တော်ကောင်းကောင်း မှတ်မိတာတော့ ပုဂံနက် တို့ ပုလဲနက် တို့လောက်သာ ကောင်းကောင်းမွန်မွန် ရှိပါသေးတယ်။
.
အင်တာနက်ဆိုတာတောင် မကြားဘူးတဲ့ခေတ်မှာ Linux ဆိုတာကြီးက ဝေလာဝေးပေါ့။ ကျွှန်တော်ကွန်ပြူတာကို စတင်မြင်ဘူးတဲ့အချိန်က 1997 ခုနှစ်လောက်မှာ မြန်မာနိုင်ငံရှိ ကျောင်းတွေမှာ Multimedia Rooms တွေ စတင်ပြီး ဖွင့်လှစ်တဲ့ အချိန်တုန်းက စမြင်ဘူးခဲ့တာပါ။ မှတ်မှတ်ရရ Apple ကွန်ပြူတာတွေပါ။ ကျောင်းသားတွေကို တရက်ကို တခန်းနှုန်းနဲ့ အလှည့်ကျ ၀င်ကြည့်ရပါတယ်။ မကိုင်ရပါဘူး ကြည့်ရုံသာကြည့်ရတာပါ။ ကွန်ပြူတာ ထားဖို့အတွက် လေအေးပေးစက် တပ်ဆင်ထားသော သီးသန့် အခန်းတစ်ခန်းလိုပါတယ်။ ကွန်ပြူတာကို တကယ့် အရေးကြီး ပစ္စည်းတစ်ခုသဖွယ် ထားတာပါ။ အခုတော့ CPU ဖွင့်ရင်တောင် ခြေထောက်နဲ့ ထိုးဖွင့်တဲ့လူတွေအများကြီးပါ။ ကွန်ပြူတာကို ဖုံသုတ်ရင်လည်း ကြမ်းတိုက်အ၀တ်နဲ့ သုတ်တဲ့လူတွေလည်းရှိပါတယ်။ သူ့ခေတ်သူ့အခါတုန်းကတော့ ကွန်ပြူတာဆိုတာ တကယ့်ကို မထိရက် မကိုင်ရက်စရာပါဘဲ။ ဒါကတော့ ကျွှန်တော်တို့ခေတ်က ဖြစ်ပျက်ခဲ့တာလေးတွေပါ။ OGC အကြောင်း ဆက်ကြဦးစို့….
.
OGC ဖွဲ့စည်းတုန်းက လူအများကြီးမပါဝင်ပါဘူး။ လူအနည်းငယ်လောက်နှင့်သာ လှုပ်ရှားခဲ့ကြတာပါ။ OGC မှ Forum များ ပြုလုပ်ပေးခြင်း Website များ ပြုလုပ်ပေးခြင်း စသည့်လုပ်ငန်းများကို အကူအညီများစွာ ပေးခဲ့ပါတယ်။ OGC မှ မြန်မာနိုင်ငံရှိ Web Server များကို Security Testing ပေါင်းများစွာ လုပ်ခဲ့ပါတယ်။ အတော်များများကို အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။ ထို့အပြင် ကွန်ပြူတာနည်းပညာများကို လက်ဆင့်ကမ်းခဲ့ပါသေးတယ်။ ယခုအထိ OGC မှ လူများ ရှိနေပါသေးတယ်။ သက်ဆိုင်ရာ နည်းပညာနယ်ပယ်များမှာ ကျွှမ်းကျင်သူ ပညာရှင်များအဖြစ် ရပ်တည်နေကြပါတယ်။ ကျွှန်တော် OGC ကို စတင်သိရှိတဲ့အချိန်က 2006-2007 ခုနှစ်မှပါ။ ဘာလို့ ကျွှန်တော်ဒီအကြောင်းတွေကို သိသလဲဆိုရင် ကျွှန်တော့်ကို ဒီလမ်းကြောင်းပေါ်ကို တွန်းတင်ပေးခဲ့သော ဆရာတစ်ယောက်က OGC ရဲ့ အရေးပါသော သူတစ်ယောက် ဖြစ်ခဲ့လို့ပါ။ OGC အဖွဲ့သည် အမှန်တကယ်ကို Strong ဖြစ်ပြီး ၀ါသနာတူသူများ ကြိုးစားချင်စိတ်ရှိသူများ ပေါင်းစပ်ထားသည့်အတွက် အောင်မြင်မှူ့များစွာ ရရှိခဲ့ပါသည်။ သို့သော် အဲ့ဒီခေတ်အခါတုန်းက Facebook ကဲ့သို့သော Social Media ဆိုတာ မပေါ်သေးသည့်အတွက် အခုခေတ်လို လူသိမများခဲ့ခြင်း ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ Hacking လောကထဲမှာ OGC လို့ပြောလိုက်ရင် သိတဲ့လူ အတော်လေးကို ရှားပါလိမ့်မယ်။
.
ယနေ့အချိန်မှာတော့ Hacking Group တွေ အမည်အမျိုးမျိုးနှင့် ပေါ်ပေါက်လာတာကို စာချစ်သူတို့ မြင်တွေ့ရမှာဖြစ်ပါတယ်။ Hacking Group တွေသာများပြီး ကျွှမ်းကျင်မှူ့အဆင့်အတန်းနှင့် အဖွဲ့အစည်းအလိုက် ပူးပေါင်း ဆောင်ရွက်မှူ့ကောင်းသော အဖွဲ့များကို ဖယ်ထုတ်မယ်ဆိုရင် အမှန်တကယ် Strong ဖြစ်သော အဖွဲ့များသည် လက်တဆုပ်စာသာ ကျန်ရှိမှာဖြစ်ပါတယ်။ အထူးသဖြင့် နောက်ပိုင်းဖွဲ့စည်းသော Hacking Group များသည် ကြာရှည်စွာ မတည်မြဲသည်ကို တွေ့ရှိရပါသည်။ အဘယ့်ကြောင့် မတည်မြဲသနည်း ဆိုတာကို ကျွှန်တော် ထပ်မံလေ့လာကြည့်တော့။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြိုင်ဆိုင်လိုခြင်း တိုက်ခိုက်လိုခြင်း ထို့နောက် အဖွဲ့အတွင်းမှာလည်း အချင်းချင်း စိတ်ဝမ်းကွဲပြားခြင်း ၊ မညီညွတ်ခြင်း ၊ အဖွဲ့အစည်းအလိုက် ပူးပေါင်း ဆောင်ရွက်မှူ့အားနည်းခြင်း ၊ လုပ်နိုင်ကိုင်နိုင်သည်ထက် ကြွားဝါလိုခြင်း ၊ ရန်လိုခြင်း ၊ လေ့လာမှူ့ အားနည်းခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြိုကွဲသွားသည်သာများလေသည်။ အဖွဲ့ကြီးများမှာ ယနေ့အထိ Team Work ကောင်းကောင်းနှင့် ရှေ့သို့ လှမ်းချီနေသည်ကိုလည်း တွေ့ရှိရပါသည်။
.
Strong Hacking Group ဖြစ်ရန် အဓိကလိုအပ်ချက်မှာ အဖွဲ့အစည်းလိုက် ပူးပေါင်း ဆောင်ရွက်မှူ့သည် အရေးအကြီးဆုံး ဖြစ်မည်ဟု ထင်မြင်ယူဆမိပါသည်။ အဘယ့်ကြောင့်ဆိုသော် Hacking လုပ်ငန်းများတွင် ခေါင်းစဉ်ခွဲပေါင်း မြောက်များစွာရှိပါသည်။ ဥပမာ - html , css , php , asp.net java , javascript , perl , python , bash , c , c++ , mysql , sql server , oracle , window server , linux , networking စသည့်ဖြင့် ခေါင်းစဉ်ခွဲပေါင်း မြောက်များစွာရှိရှာ တစ်ဦးတည်း အကုန်လုံးကို ကျွှမ်းကျင်စွာ သိရှိဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ တပိုင်းချင်းစီ ကျွှမ်းကျင်သူများ သို့မဟုတ် တစ်ယောက်တည်းမှ ဘာသာ သုံးခု လေးခု ကျွှမ်းကျင်သူများ စသည့်ဖြင့် စုပေါင်းပြီး အဖွဲ့အစည်းအလိုက် ပူးပေါင်း ဆောင်ရွက်မှသာ အမှန်တကယ် ကောင်းမွန်သော Hacking Group ဖြစ်လာမှာ ဖြစ်ပါတယ်။
.
ကမ္ဘာပေါ်ရှိ Hacker များကို ကြည့်မယ်ဆိုရင် တစ်ကိုယ်တော် လှူပ်ရှားသည်ထက် Group အလိုက် လှူပ်ရှားသည့် လှူပ်ရှားမှူ့များက ပိုမိုများပြားသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ထင်ရှားသည့် ဆိုက်ဘာတိုက်ခိုက်မှူ့များကို ကြည့်မယ်ဆိုလျှင်လည်း တစ်ကိုယ်တော် တိုက်ခိုက်သည်ထက် အဖွဲ့လိုက် တိုက်ခိုက်ခြင်းက ပိုမိုများပြားသည်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဖွဲ့လိုက်ပူးပေါင်း ဆောင်ရွက်ခြင်းသည် တစ်ကိုယ်တော် ဆောင်ရွက်ခြင်းထက် အောင်မြင်မှူ့ရာခိုင်နှုန်း ပိုများနိုင်ပါသည်။
.
ဒါကတော့ ကျွှန်တော်သိခဲ့သော မြန်မာနိုင်ငံ Hacking လောက၏ သမိုင်းအစ ဖြစ်ပါတယ်။ စာချစ်သူတို့ ဗဟုသုတ ရရှိစေရန် ရေးသား ဖော်ပြရခြင်း ဖြစ်ပါတယ်။ အကယ်၍ အချက်အလက်များ မှားယွင်းခဲ့သည်ရှိသော် Comment သို့မဟုတ် Message Box မှ အကြောင်းကြားစာများ ပေးပို့နိုင်ပါတယ် ခင်ဗျာ။
.
ကျွှန်တော့်ဆရာအား....ဂုဏ်ယူလေးစားစွာ....ဖော်ပြအပ်ပါသည်....
.
18-3-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.

No comments:
Post a Comment